Facebook Page တွေမှာဒီရက်ပိုင်း Organic Reach တွေ Engagement တွေ ကျကျလာတာကိုသတိထားမိကြလားမသိဘူးဗျ
ဒီလို Reach တွေကျရတဲ့အကြောင်းအရင်းကိုလေ့လာကြည့်လိုက်တော့ အချက်(၃)ချက်တွေ့ပါတယ်
ပထမတစ်ချက်ကတော့ Algorithm ကြောင့်ပါ၊ Facebook ရဲ့ Algorithm က Friend တွေရဲ့ Post တွေကို Newsfeed ပေါ်ပိုတွန်းတင်ပေးတာကြောင့် Business Page တွေရဲ့ Reach ကအရင်လောက်မရောက်တော့တာဖြစ်ပါတယ်
ဒုတ်ိယအချက်ကတော့ ပြိုင်ဆိုင်မှုကြောင့်ဖြစ်ပါတယ်၊ အွန်လိုင်းပေါ်မှာ အရောင်းအဝယ်တွေပိုမိုဖြစ်ထွန်းလာကြတော့ လုပ်ငန်းရှင်အများစုကသူ့ထက်ငါအပြိုင် Paid ကြော်ငြာတွေလုပ်လာကြတော့ Organic Reach တွေကျဆင်းလာတာလည်းပါပါတယ်
တတ်ိယအချက်ကတော့ Facebook User time နည်းလာခြင်းပါ၊ ဒေတာပက်ကေ့ချ်တွေဈေးကြီးလာခြင်းနဲ့အတူ တခြားသော Social Media Platform တွေကလည်းဆွဲဆောင်လာတာကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်
ဒါဆိုရင် ဒီလို Organic Reach တွေတက်လာအောင်ဘယ်လိုလုပ်ရမလဲ
၁။ Content အရည်အသွေးအထူးဂရုပြုပါ
တင်လိုက်တဲ့ပုံ၊စာ၊ ဗီဒီယိုတွေက Policy နဲ့မညှိဖို့နဲ့ အရည်အသွေးကြည်လင်ပြီးပြတ်သားဖို့အစဉ်စစ်ဆေးပါ၊ ပြိုင်ဆိုင်မှု များတဲ့ ခေတ်မှာ သူများထက် ညံ့တဲ့ ကွာလတီမျိုးမဖြစ်အောင် အမြဲ ကြိုးစားပါ။