How to learn Canva?

Content Writing, Graphic Design

Sai Sat Aung Naing

Nov 18, 2024, 05:43 PM

How to learn Canva?

Canvaဆိုတာဘာလဲ?

 

Canvaဆိုတာ visual contentတွေဖြစ်တဲ့ Social Media Postတွေ၊ Presentationsတွေ၊ Poster၊ Flyer ဖန်တီးလို့ရနိုင်တဲ့အပြင် ဒီနောက်ပိုင်းမှာဆိုရင် Workspaceနဲ့ Productivityအတွက်ပါ အသုံးပြုလို့ရနေပြီးဖြစ်တဲ့ Platformတစ်ခုဖြစ်ပါတယ်။ အဓိကကတော့ User-friendlyဖြစ်တဲ့ Interface၊ Professional Levelမှာသာမက Beginner Levelတွေအတွက်ပါ Designဖန်တီးဖို့အတွက် အခွင့်အလမ်းများစွာရှိခြင်း စသည်တို့ကြောင့် နာမည်ကြီးပါတယ်။

 

ကျွန်တော်တို့အတွက် များစွာအကျိုးရှိတဲ့ Platformတစ်ခုကို ဘယ်လိုလေ့လာကြမလဲ၊ လေ့လာတဲ့နေရာမှာကော အကျိုးရှိရှိ ဘယ်လိုလေ့လာကြမလဲ စတာတွေကို မျှဝေပေးသွားပါမယ်။

Canvaရဲ့ Design Schoolမှာ လေ့လာခြင်း

Canva ရဲ့ Freeပေးထားတဲ့ Tutorial တွေ၊ Courseတွေကနေတဆင့် Canvaကို လေ့လာလို့ရတဲ့နည်းလမ်းကတော့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးပါပဲ။ Designနဲ့ပါတ်သတ်ပြီး အခြေခံအကြောင်းအရာတွေ၊ Branding၊ Social Mediaနဲ့ တိုက်ရိုက်ချိတ်ဆက်ခြင်း စတာတွေကို Canvaရဲ့ Design Schoolမှာ လေ့လာလို့ရပါတယ်။  

 

https://www.canva.com/designschool/

YouTube Channelတွေကတဆင့် လေ့လာခြင်း

YouTube Channelတွေဆိုတာက ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို အခမဲ့လေ့လာလို့ရတဲ့ Knowledge Bankတစ်ခုလိုပါပဲ။ Canvaနဲ့ပါတ်သတ်ပြီးတော့လည်း အခမဲ့ လေ့လာလို့ရနိုင်တဲ့ Channelတွေ၊ Videoတွေ များစွာရှိပါတယ်။ ဒီထဲကမှ ကျွန်တော်ကြည့်ဖြစ်နေတဲ့ Channel (၄)ခုကို မျှဝေပေးပါမယ်။

 

  • Canva Official YouTube Channel
  • Design with Canva
  • Aurelius Tjin
  • Sai Sat

TikTok Short Videoတွေကနေတဆင့် လေ့လာခြင်း

YouTube Channelတွေကို ကြည့်ပြီး လေ့လာရတာထက် Short Videoတွေကနေတဆင့် လေ့လာချင်တယ်ဆိုရင်တော့ TikTokကနေလေ့လာတာ အကောင်းဆုံးနည်းလမ်းပါ။

 

  1. Canva
  2. Canva Philippines
  3. SimpleAs
  4. Sai Sat
  •  

ဒီနည်းလမ်း(၃)ခုကတော့ Canvaကို အလွယ်ကူဆုံးနဲ့ အသက်သာဆုံးလေ့လာလို့ရနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ Canvaကို စတင်လေ့လာဖို့အတွက် Readyပဲလား?

logo

Connecting freelancers, business owners, mentors, and students for collaboration and growth in one platform

Infomation

Helpful Links

Connect With Us

© 2023 - 2024 guruEd Platform. All rights reserved.