Passive Income ရရှိနိုင်မယ့် နည်းလမ်း ၅ ခု

Wai Yan Lin Htet

Jun 02, 2024, 07:24 PM

Passive Income ရရှိနိုင်မယ့် နည်းလမ်း ၅ ခု

အချိန်ပြည့် အလုပ်လုပ်နေရတာ ငြီးငွေ့လှပါပြီဆိုတဲ့သူတွေအတွက် Passive Income ဘယ်ကရမလဲ ?

Passive income ဆိုတာဘာလဲ ....

🔷 Passive Income ဆိုတာ ကိုယ်ကိုတိုင် အချိန်ပေး အားစိုက် အလုပ်လုပ်နေစရာမလိုဘဲ ပုံမှန်ရရှိနေတဲ့ဝင်ငွေကို ပြောတာဖြစ်ပါတယ် အလုပ်လုပ်စရာမလိုဘူးဆိုပေမယ့် အစပိုင်းမှာတော့ ငွေကြေး၊ အချိန်၊ လုပ်အားစတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်

🔷 ဒါဆိုရင် မြန်မာနိုင်ငံ မှာ passive incomeကို ဘယ်နေရာတွေကနေ အဓိက ရနိုင်လဲ ?

⚜️ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု
တိုက်ခန်း သို့မဟုတ် မြေနေရာ၊ အိမ်ခြံဝယ်ထားပြီး ပြန်ပြီးတော့ ငှါးရမ်းတာမျိုးကနေ passive income ရနိုင်ပါတယ် မြို့ကြီးဖြစ်တဲ့ ရန်ကုန်လိုနေရာမျိုးမှာဆိုရင် ရုံးခန်း၊ သင်တန်း၊ စားသောက်ဆိုင်စတာတွေ ပေါများလွန်းတာကြောင့် အရမ်း demand များတဲ့လုပ်ငန်းတစ်ခုပါ
အခုလို ‌ငွေကြေးတန်ဖိုးကျနေတဲ့အချိန်မှာ လူအများစုဟာ Real Estate investment အပေါ် အဓိကလုပ်‌ဆောင် လာပါပြီ။

⚜️ လုပ်ငန်းများတွင် ရှယ်ယာထည့်ခြင်း
ပြည်တွင်းလုပ်ငန်းအသေးစားတွေ startup လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုထည့်ပြီးတော့လည်း အမြတ်ဝေစုပြန်လည်ရယူတဲ့ နည်းလမ်းကလည်း passive income ရရှိဖို့ နည်းလမ်းကောင်းတစ်ခုပါ.... နိုင်ငံတကာမှာ တော့ Stock investment က ‌ခေတ်စားပေမယ့် မြန်မာ Stock စျေးကွက်ကတော့ ယုံကြည် အာမခံမှုနည်းပါသေးတယ်၊ ကိုယ်က ရှယ်ယာထည့်မယ်ဆိုလည်း လုပ်ငန်းရဲ့ Business goal, Revenue plan တွေကို အသေးစိတ် လေ့လာပြီးမှ ထည့်သင့်ပါတယ်

⚜️ Video content တွေ ဖန်တီးခြင်း
အခု Digital ခေတ် နောက်ပိုင်းမှာ တအား trendy ဖြစ်လာတဲ့ job တစ်ခုပါ video content ကောင်းတွေ ဖန်တီးပြီး Facebook, Tiktok, Youtube စတဲ့ social platform တွေကနေ monetization ရယူပြီး video တွေကနေတဆင့် passive income ရရှိနိုင်ပါတယ် quality ကောင်းကောင်းရအောင် ဖန်တီးဖို့ရယ် အစပိုင်းမှာ ဇွဲရှိရှိနဲ့ သေချာလေးအားစိုက်ပြီး လုပ်သွားဖို့တော့ လိုပါမယ်

⚜️ အွန်လိုင်းစီးပွားရေး ပြုလုပ်ခြင်း
အခုခေတ်မှာ လူတိုင်းနီးပါး အွန်လိုင်းကနေ အလွယ်တကူ စီးပွါးရေးလုပ်ငန်းတစ်ခုကို စတင်နိုင်ပါပြီ လူတိုင်း အလွယ်တကူလုပ်နိုင်တယ်ဆိုပေမယ့် လူတိုင်းအောင်မြင်နိုင်တာမဟုတ်လို့ ကိုယ်တကယ်ကျွမ်းကျင်ပြီး စိတ်ပါတဲ့အရာကို သေသေချာချာလေး commitment ရှိရှိနဲ့ လုပ်သွားတာက အကောင်းဆုံးပါ၊ ကိုယ့်ရဲ့ Online Business က မားကတ်တင်းကောင်းကောင်းနဲ့ အောင်မြင်သွားပြီဆိုရင်တော့ အိပ်နေချိန်မှာတောင် ဝင်ငွေတွေ ဝင် ဝယ်ယူသူတွေ ရရှိနေမှာ ဖြစ်ပါတယ်

⚜️ အွန်လိုင်းသင်တန်းတွေ ဖန်တီးခြင်း
ဒါကတော့ နယ်ပယ်တစ်ခုမှာ အတော်အတန်အတွေ့အကြုံရှိပြီးတဲ့သူတွေအတွက် သေသေချာချာလုပ်နိုင်မယ်ဆိုရင် လုံးဝအကြမ်းစားဖြစ်မယ့် passive income resource ပါ ကိုယ်သိထားတဲ့ပညာတွေ အတွေ့အကြုံတွေ ဗဟုသုတတွေကို မျှဝေပေးပြီး ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးနိုင်ပါတယ်
Video Lecture တွေကို တစ်ခါအချိန်ပေးဖန်တီးထားရုံနဲ့ ဒီ video တွေကနေ အမြဲဝင်ငွေရရှိနေမှာမို့ အခုနောက်ပိုင်းမှာဆိုရင်လည်း self-paced learning အတွက် video lecture class တွေကို တော်တော်များများ ပြုလုပ်လာကြပြီဖြစ်ပါတယ်

Passive Income ရရှိနိုင်မယ့် နည်းလမ်း ၅ ခု
logo

Connecting freelancers, business owners, mentors, and students for collaboration and growth in one platform

Infomation

Helpful Links

Connect With Us

© 2023 - 2024 guruEd Platform. All rights reserved.