နှစ်တိုင်း New Year Resolutions တွေချပြီးမလုပ်ဖြစ်တဲ့ သင့်ရဲ့စိတ်အဟောင်းကို ထားခဲ့လိုက်ပြီး 2024 မှာ အရင်ကထက်ပိုတော်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေဖို့ အလွယ်တကူ လုပ်ဆောင်ရမယ့် Self Improvement (5) ချက် ကို Sharing လုပ်ပေးလိုက်ပါတယ်
၁။ Growth Mindset ထားပါ
Growth Mindset ရှိမှ လူတစ်ယောက်ဟာ Growth ဖြစ်လာမှာဖြစ်ပါတယ်။ လေ့လာသင်ယူမှုနဲ့ ကြိုးစားအားထုတ်မှုတွေကနေ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်လာနိုင်တယ်လို့ ယုံကြည်တဲ့စိတ်၊ အခက်အခဲတွေ Challenge တွေကို ကိုယ့်အတွက်အခွင့်အရေးလို့မြင်ပြီး ရှောင်မပြေးတတ်တဲ့စိတ်မျိုးဟာ Growth Mindset ဖြစ်ပြီး ဒီစိတ်ရှိမှသာ သင့်အတွက် ကောင်းမွန်တဲ့ Result တွေဖြစ်ပေါ်လာမှာပါ
၂။ ကိုယ်ကျန်းမာစိတ်ချမ်းသာရှိစေဖို့ ဂရုစိုက်ပါ
ကိုယ်တိုင် ကျန်းမာပျော်ရွှင်စိတ်ချမ်းသာမှသာလျှင် ကိုယ်လုပ်သမျှအရာ ကြုံသမျှအရာတွေအပေါ် Positive နဲ့မြင်နိုင်မှာမို့
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Healthy Diet တွေစားပါ၊ အိပ်ချိန်မှန်အောင်အိပ်ပါ
ကိုယ့်အတွက် Toxic Relationship တွေကိုဖြတ်တောက်ပြီး အပြန်အလှန် Connection ရှိတဲ့ Relationship တွေတည်ဆောက်ပါ မိတ်ဆွေသူငယ်ချင်းဖွဲ့ပါ
Personal Growth အတွက် အသိဗဟုသုတတိုးစေတဲ့စာတွေဖတ်ပါ၊ စိတ်အပန်းဖြေရာစိတ်ထွက်ပေါက်ဖြစ်တဲ့ဝါသနာတစ်ခုခုကိုပျိုးထောင်ပါ
၃။ တစ်ခုခုဖြစ်ချင်ရင် အဲ့အရာအတွက် SMART Goal ချမှတ်ပါ
SMART Goal ဆိုတာ -
• Specific - ကိုယ်ဖြစ်ချင်တာတိတိကျကျရှိလား
• Measurable - ကိုယ့်ရဲ့ Progress တိုင်းတာလို့ရနိုင်လား
• Achievable - ကိုယ့်ရဲ့ Goal ကိုရောက်ဖို့ဖြစ်နိုင်လား
• Relevant - ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်လုပ်ရမယ့်အရာတွေနဲ့ ကိုက်ညီမှု ရှိရဲ့လား
• Time-bound - အချိန်ဘယ်လောက်အတွင်း ကိုယ့် Goal ကိုရောက်အောင်သွားဖို့ Target ထားမလဲ ဆိုတဲ့အချက်တွေနဲ့ Goal သတ်မှတ်ပါ
၄။ ကိုယ့်ကိုကိုယ် Positive အတွေးတွေနဲ့သာ ဝန်းရံပါ
ကိုယ်လုပ်နိုင်ခဲ့တဲ့ Achievement သေးသေး၊ ကြီးကြီး ကိုယ်လုပ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်ပြန်ပြီးချီးမွမ်းပါ၊ Small Steps လေးတွေစုရင်းစုရင်း တဖြည်းဖြည်း Big Step အဖြစ်သို့ပြောင်းလဲလာတာမြင်ရပါလိမ့်မယ်
ဒီတော့ ကိုယ်လုပ်နိုင်တာကိုလုပ်ရင်း Positive Thinking နဲ့မြင်တတ်ပါစေ
၅။ ကိုယ်မသိသေးတဲ့အရာ၊ ကိုယ်မကျွမ်းကျင်သေးတဲ့ အရာ တွေကို အကောင်းဆုံးလမ်းညွှန်မှုယူနိုင်ဖို့ Mentor ရှာပါ
Mentor ရှိခြင်းအားဖြင့် သင့်အတွက်ကြုံရမယ့် အခက်အခဲတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြေရှင်းဖို့အကြံဉာဏ် လမ်းညွှန်မှုတွေအပြင် ၊ ရှေ့ဆက်အနာဂါတ်လမ်းမှာလည်း ဘာတွေလိုအပ်မလဲ ဘာတွေဆက်လုပ်ရမလဲဆိုတာတွေကို သင်ယူသိရှိနိုင်ဖို့အတွက် Mentor တစ်ယောက်ရှိခြင်းက အကောင်းဆုံးပါပဲ
ဒီတော့ သင့်အတွက် ဘာတွေပြင်ဆင်ရမယ် ဘယ်လိုစိတ်မျိုးအလေ့အကျင့်မျိုးလေးတွေထားရမယ်ဆိုတာလည်းသိသွားလောက်ပြီထင်ပါတယ်
သင့်အနေနဲ့ သင့်ရဲ့ Goal တွေနဲ့ကိုက်ညီတဲ့ အကြံဉာဏ်တွေကိုရယူနိုင်ဖို့ Mentor တစ်ယောက်ရှာနေတယ်ဆိုရင်တော့ GuruEd မှာ နယ်ပယ်အသီးသီးအလိုက်ကျွမ်းကျင်တဲ့ Peer Mentor တွေရှိနေပြီမို့
သင့်အတွက်အကောင်းဆုံးဖြစ်မယ့် Mentor တွေနဲ့ Connect လုပ်နိုင်ပါပြီ
မျှဝေ ချိတ်ဆက် လူငယ်တိုင်းအတွက် guruEd