ဒစ်ဂျစ်တယ် မားကတ်တင်းမှာ မသိမဖြစ်တဲ့ SEO ဆိုတာကတော့ အတိုပြောရရင် Google, Bing တို့လို Search Engine တွေမှာ Organic Traffic တိုးလာအောင် ပြုလုပ်တဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။
အခြေခံအချက်တွေ ဖြစ်တဲ့ Keywords တွေ၊ Backlink တွေ နှင့် Blog content ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းတို့ကို သင်ကြားဖူးပေလိမ့်မယ်။
SEO အောင်မြင်မှုအတွက် အရေးကြီးတဲ့ လူသိနည်းတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။
1)Just About Keywords Anymore.
Keyword တွေက Webpage ရဲ့ Traffic ကိုတိုးစေတယ်လို့ အများစုထင်ကြပါတယ်။ ဒါကမမှားပေမဲ့ Search Engine တွေက ပို Smart ဖြစ်လာတဲ့အခါ
Search Intent နဲ့ Contextual Relavance စတဲ့အချက်တွေက အရေးပါလာပြီး ရှာဖွေသူရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ Content ဖြစ်ဖို့ ပိုပြီးလိုအပ်လာပါတယ်။
2)User Experience
Search Engine တွေအနေနဲ့ Webpage တွေကို Rank စီတဲ့အခါ Content တွေကိုသာမက
Page Loading Speed, Design, Layout စတာတွေကိုပါ တိုင်းတာကြောင်း အတိအလင်းပြောထားပါတယ်။ ဒါကြောင့် SEO Performance ကောင်းဖို့ဆိုရင် User friendly ဖြစ်မှုကို အတိုင်းအတာ တစ်ခုအထိ ဦးစားပေးရမှာဖြစ်ပြီး Google Page Speed Insights တို့လို့ Tools တွေကို အသုံးပြုရပါလိမ့်မယ်။
3)Backlink
တခြား Website တွေကနေရောက်လာတဲ့ Backlink တွေက SEO Performance ကိုပိုကောင်းစေပေမဲ့ Backlink တွေရဲ့ Quality ကိုသာ Search Engine တွေက ကြည့်လေ့ရှိပါတယ်။ဆိုလိုတာကတော့
Authority မြင့်တဲ့ Website တွေရဲ့ Backlink တွေကသာ ပိုပြီးအလုပ်ဖြစ်စေလို့ ကိုယ့်ရဲ့ Webpage မှာပိုပြီး Traffic တက်ဖို့ဆိုရင် ဒီလို Website တွေနဲ့ Content Collaboration လုပ်သင့်တယ် ဆိုတာပါပဲ။
4)Local SEO
နောက်ထပ်တစ်ခုကတော့ Local SEO ပါ။ Local SEO ရှိထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Webpage ကို
သတ်မှတ်ထားတဲ့ ဒေသတစ်ခုအတွင်းက လူတွေရဲ့ Search Result မှာ ပြပေးမှာဖြစ်ပါတယ်။Google လို Search Engine တွေမှာ Local SEO ရရှိဖို့ဆိုရင် Google my Business Profile ကို ဖြည့်စွက်ပြီး
Good Review တွေကိုပါ Collect လုပ်ရမှာ ဖြစ်ပါတယ် ။
5)SEO Results take Time.
SEO က Organic Traffic တိုးအောင်လာပ်တဲ့ Process ဖြစ်လို့ Result ရဖို့ အချိန်ပေးရလေ့ရှိပါတယ်။ Search Engine တွေအနေနဲ့ Webpage တွေကို Rank တင်ဖို့အတွက် အချိန်ကြာကြာ Recognize လုပ်လေ့ရှိတာကြောင့် ရေရှည်မှာ SEO Result ကောင်းဖို့ဆိုရင် Valuable Content တွေကို ဆက်တိုက် Update လုပ်ဖို့ လိုပါလိမ့်မယ်။
အခုပြောပြခဲ့တာကတော့ ESO အကြောင်း အများစုမသိသေးတဲ့ အချက်(၅) ချက်ပဲ ဖြစ်ပါတယ်။