Traditional Mentor နဲ့ Peer Mentor ဘယ်လို ကွာခြားလဲ

Wai Yan Lin Htet

May 10, 2024, 03:15 AM

Traditional Mentor နဲ့ Peer Mentor ဘယ်လို ကွာခြားလဲ

Mentor အမျိုးအစားပေါင်းများစွာရှိတဲ့ထဲကမှ

Traditional Mentor နဲ့ Peer Mentor ဘယ်လို ကွာခြားလဲ ?

Mentor အမျိုးအစားပေါင်းများစွာရှိတဲ့ထဲကမှ

Traditional Mentor နဲ့ Peer Mentor ဘယ်လို ကွာခြားလဲ ?

 

အရာရာတိုင်းဟာ ဆရာမပြနည်းမကျမို့ ကိုယ်နဲ့ကိုက်ညီမယ့် အကြံပေးသူကို လူတိုင်းလိုအပ်ပါတယ်နော်...

✅ Traditional Mentor ဆိုတာက​တော့

ပညာရပ်တစ်ခုမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်ပြီး ဒီပညာရပ်တွေကို နားလည်သွားအောင် ကိုယ့်လက်အောက်ငယ်သားကို ဖြစ်စေ၊ နည်းပေးလမ်းပြ ဦးဆောင်ပေးတဲ့ ဆရာနဲ့ တပည့်ကဲ့သို့သော သမားရိုးကျ Mentoring နည်းလမ်းပဲဖြစ်ပါတယ်...

ဒီနေရာမှာ

Consulting, Mentoring, Coaching တွေလည်းပါဝင်နိုင်ပါတယ်နော်...

✅ Peer Mentor ဆိုတာကတော့

➡Senior ကနေ Junior ကို

➡သူငယ်ချင်းအချင်းချင်း

➡လုပ်ဖော်ကိုင်ဖက်ချင်း

➡စိတ်ဝင်စားတဲ့ နယ်ပယ် တူသူအချင်းချင်း

တစ်ဖက်လူက ပိုပြီး သိထားတတ်ထားတာတွေကို မျှဝေရှင်းလင်းပေးတဲ့ သဘောမျိုးဖြစ်ပါတယ်...

အသက်အရွယ်အားဖြင့် မကွာသလို ရင်းရင်းနှီးနှီးဆွေးနွေး လို့လည်းရတာကြောင့် Peer Mentor နည်းစနစ်ကတော့ ကျွန်တော်တို့ GuruEd Platform မှာ လက်ရှိ ကျင့်သုံးနေတဲ့နည်းဖြစ်ပါတယ်နော်...

ဒါဆို ဒီနှစ်ခုရဲ့ အားသာချက်က ဘာတွေလဲ💁

🔹ဗဟုသုတများစွာ လေ့လာဆည်းပူးနိုင်တဲ့ Traditional Mentor ကတော့ ကိုယ့်အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေ၊ Guideline တွေများစွာပေးနိုင်မှာလည်းဖြစ်ပါတယ်...ဝါရင့်လည်းဖြစ်တာကြောင့် သက်ကြီးစကား သက်ငယ်ကြားဆိုသလို အတုယူနိုင်စရာ များမှာလည်းဖြစ်ပါတယ်...

🔹Peer Mentor ကတော့ ဗဟုသုတနဲ့ အတွေ့အကြုံ အရတော့ ကိုယ့်ထက် သာမှာမှန်ပေမဲ့ အရွယ်အားဖြင့်၎င်း၊ ဝါအားဖြင့်၎င်း သိပ်မကွာတာကြောင့်

ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆွေးနွေး နိုင်မှာဖြစ်သလို

အတူတကွဆွေးနွေးရင်း၊ လေ့လာတည်းပူးရင်းနဲ့ အောင်မြင်တဲ့ Project တွေထွက်လာနိုင်တဲ့ အခွင့်အရေးလည်းရှိပါတယ်...

ဒါဆို ဒီနှစ်မျိုးရဲ့ မတူညီမှုနဲ့ အားသာချက်တွေကို အထိုက်အလျောက်သိသွားမယ်လို့မျှော်လင့်ပါတယ်...

GuruEd Platform မှာလည်း Mentor ပေါင်းများစွာက ကိုယ်ကျွမ်းကျင်ရာနယ်ပယ်အသီးသီးမှာ Professional ဆန်ဆန် ဆွေးနွေးပေးနေတာကြောင့် စိတ်ဝင်စားလို့ ဆက်သွယ်ချင်ရင်

GuruEd Platform ကို အချိန်မရွေးဆက်သွယ်လိုက်ပါ🙋

Content Image
logo

Connecting freelancers, business owners, mentors, and students for collaboration and growth in one platform

Infomation

Helpful Links

Connect With Us

© 2023 - 2024 guruEd Platform. All rights reserved.