ထိုင်းရွေ့ပြောင်းလာတဲ့ လူငယ်အများစုကို အကြံပေးချင်တာတော့
Better days are coming ahead ပါ
တချို့က ရောက်တာတောင် မကြာ လက်လျော့ ပြီး ပြန်တော့မယ်လုပ်လို့
ဒီအထိ တောင် ရောက်လာတာ လက်မလျော့ပါနဲ့
Keep struggling ပါ
ကျွန်တော်ကိုယ်တိုင်တောင် စစ ပြောင်းလာတဲ့ 6 လ 7 လ လောက်ထိကို ထိုင်း (ဘတ်) ဝင်တဲ့ အလုပ်မရှိပါဘူး
မြန်မာနိုင်ငံက Jobs တွေပဲ Remote work လုပ်နေရင်း Struggle နေခဲ့ရတယ် ( အဲ့တုန်းကတောင် ဘတ်က ၉၀,၁၀၀ ဈေးပဲ စားလို့လောက်သေးတယ် )
ဒါပေမယ့် ထိုင်းမှာ အလုပ်ရဖို့ကလည်း အင်မတန်အရေးကြီးပါတယ်
မြန်မာငွေနဲ့ ရေရှည် ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး
ကျွန်တော့်လို FULL time job လုံးဝ မကြိုက် digital nomad ဖြစ်ချင်တဲ့ သူတောင်
ဒီမှာ ကောင်းကောင်း အခြေချနေနိုင်ဖို့
ရုံး အလုပ်ဝင်လုပ်ရပါတယ်
ကိုယ်ပိုင်လုပ်ငန်းစဖို့ဆိုတာလည်း Market and customer Behavior မတူလို့ Guidance လုပ်ပေးနိုင်မယ့်သူ လိုပါတယ်
ဒါကြောင့် အကောင်းဆုံးက ထိုင်းရောက်ပြီဆို Visa Agent တွေ Exchange တွေ freelance တွေပဲ လုပ်မယ့်အစား Full time job တစ်ခု အရင်ရအောင် လုပ်ဖို့ အကြံပေးချင်ပါတယ်
ဘွဲ့တွေရထားမှ Skillset တွေ ပြည့်စုံနေမှ ဆိုတာကလည်း အရမ်းတော့ မမှန်ပါဘူး
ကျွန်တော့်ပတ်ဝန်းကျင်မှာ အဲ့တာတွေ မရှိလည်း အလုပ်ကောင်းရတဲ့သူတွေ ရှိနေပါတယ်
ဒီတော့ ထိုင်းမှာ Full time job မြန်မြန် ရဖို့ ဒီ 5 ချက် ကို ကြိုးစား ကြည့်ပါ
1. အလုပ်မရွေးပါနဲ့ Experiences အရေးကြီးပါတယ်
ဒီ အလုပ်ရမှ ဟိုအလုပ်ရမှာ လုပ်မယ်ဆိုရင်တော့ သေချာတယ် မရဖို့များနေပါပြီ
သူများနိုင်ငံမှာ လာလုပ်ရတာဖြစ်လို့ ကိုယ့် CV မှာ ဒီနိုင်ငံက အလုပ်လုပ်ဖူးပါတယ် ဆိုတာမျိုး ထည့်ပြထားနိုင်ဖို့လိုပါတယ်
ဒါကြောင့် လစာနဲသည်ဖြစ်စေ Visa Provide မလုပ်သည်ဖြစ်စေ၊ ကိုယ့်ရဲ့ Field မဟုတ်သည်ဖြစ်စေ
အတွေ့အကြုံကောင်းကောင်းရတယ်ဆိုရင်တော့ ဝင်လုပ်သင့်ပါတယ်
2. အပေါင်းအသင်း Network အရမ်းအရေးကြီးပါတယ်
ထိုင်းမှာ အတွေ့အကြုံများတဲ့သူ၊ ထိုင်းအလုပ်လုပ်နေတဲ့သူ၊ ထိုင်းစကားတတ်တဲ့သူတွေကို အဓိကရွေးပေါင်းပါ
Network မရှိရင် ဘယ်လောက်ပဲ skill ရှိရှိ အလုပ်မရပါဘူး
Network ရှိအောင်လို့ ပွဲတွေ မှာ လျှောက်သွားပြီး မိတ်ဆက်ပါ၊ အသိတွေကို ကိုယ်ကလည်း ဘာတွေ လုပ်နိုင်တယ်ဆိုတာ ကြွယ်ပြထားဖို့ လိုပါတယ်
3. Thai or English ကောင်းကောင်းပြောတတ် နေဖို့လိုတယ်
ထိုင်းစကားတတ်မှ အလုပ်ကောင်းရမယ်ဆိုတာတော့ မဟုတ်ပါဘူး
ကျွန်တော်ကိုယ်တိုင် ထိုင်းစကားမတတ်ပါဘူး
ဒါပေမယ့် English ကို တော့ communication level အထိ တတ်ဖို့ လိုပါတယ်
ကျွန်တော်ထိုင်းစကားမရလို့ လက်လွတ်ခဲ့ရတဲ့ Thai Project တွေရှိပါတယ်
ထိုင်းစကား ကောင်းကောင်းပြောတတ်နေရင်တော့ အလုပ်ရဖို့ အခွင့်အလမ်းပိုများတယ်
4. Be hungry
ဗိုက်ဆာ ခိုင်းတာမဟုတ်ဘူး
Interview တဲ့အခါဖြစ်ဖြစ် အလုပ်ရှင်တစ်ဦးဦးနဲ့ တွေ့ဆုံတာဖြစ်ဖြစ် ကိုယ့်က သူ့အတွက် ဘယ်လောက်ပေးဆပ်နိုင်ကြောင်း ဘယ်လို ရေကုန်ရေခမ်းကြိုးစားနိုင်ကြောင်း ကိုယ့် Profession အပေါ် passionate အရမ်း ဖြစ်ကြောင်း ဆာလောင်ပြပါ
ဒီက အလုပ်ရှင်တွေက skill ထက် passionate & desire ကို ပိုသဘောကျကြပါတယ်
I will try my best လို့ မပြောပါနဲ့
I can fight for the best လို့ ပြောပါ
5. အလုပ်လျှောက်တဲ့ အခါ Follow up လုပ်ပါ
CV form တင်ရင်ပြီးရော Interview ဖြေပြီး ပြီးရော ဆိုပြီး မလုပ်ပါနဲ့
သူတို့ဆီက ဘယ်တော့ အဖြေပြန်ရနိုင်မယ်ဖြစ်ကြောင်း
ဒီအလုပ်ရဖို့အတွက် စောင့်မျှော်နေကြောင်း
ဖြစ်နိုင်ရင် HR or Job post တင်တဲ့ သူရဲ့ LinkedIn or Private CB တွေ အထိ သွားပြီး Email က ပို့ထားကြောင်း
Interview အတွက် မျှော်လင့်နေပါကြောင်းကို ကောင်းကောင်းမွန်မွန်လေး ပြောခြင်းဖြင့် follow up လုပ်ပါ
ဒီလိုလုပ်ခြင်းက ရာပေါင်းများစွာသော CV form တွေကို အချိန်ပေးကြည့်မယ့် အစား သင့်ဟာကို ဦးစားပေးကြည့်နိုင်ပါတယ်
ဒါကတော့ လက်ရှိကျွန်တော် ထိုင်းသူဌေးတွေ ထိုင်းရောက် မြန်မာလုပ်ငန်းရှင်တွေနဲ့ ပေါင်းသိရသလောက် မျှဝေပေးတာပါ
Skillset တွေလည်းဖြည့်ရင်း
နေ့စဉ် ကြိုးစားမယ်ဆိုရင်တော့
အလုပ်က ရကို ရမှာသေချာပါတယ်