နိုင်ငံခြားမှာ ပညာသင်ယူဖို့ဆိုတာ ငွေကြေးအရင်းအနှီးလိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ဘတ်ဂျက် ကို အရင်ဆုံး သတ်မှတ်ပါ။ ကျောင်းလခ၊ နေထိုင်စရိတ်၊ လူနေမှုစရိတ်တွေကို ကြိုတင်တွက်ချက်ထားပါ။
YoonMeMe
Mar 03, 2025, 11:32 AM
သူငယ်ချင်းတွေက နိုင်ငံအသီးသီးသွားကုန်ကြပြီ
ကိုယ်လည်း နိုင်ငံခြားမှာပညာသွားရောက်လေ့လာချင်တယ်ဆိုရင် ပြင်ဆင်ထားလို့ရမယ့်
အခြေခံ အချက် (၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်
နိုင်ငံခြားမှာ ပညာသင်ယူဖို့ဆိုတာ ငွေကြေးအရင်းအနှီးလိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ဘတ်ဂျက် ကို အရင်ဆုံး သတ်မှတ်ပါ။ ကျောင်းလခ၊ နေထိုင်စရိတ်၊ လူနေမှုစရိတ်တွေကို ကြိုတင်တွက်ချက်ထားပါ။
ဘယ်နိုင်ငံ၊ ဘယ်ဘာသာရပ်ကို သင်ယူမလဲဆိုတာ သေချာစဉ်းစားပါ။ ဥပမာ - အင်္ဂလန်၊ အမေရိက၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန် စသည်ဖြင့် နိုင်ငံရွေးချယ်ပါ။ စိတ်ဝင်စားမှုနဲ့ အနာဂတ်
လမ်းကြောင်းကို ထောက်ပြီး ဘာသာရပ်ရွေးချယ်ပါ။
ငွေကြေးအခက်အခဲရှိရင် ပညာသင်ဆု တွေကို ရှာဖွေပါ။ Government Scholarships, University Scholarships, Private Organization Scholarships ပညာသင်ဆုတွေကို သေချာရှာဖွေပြီး လျှောက်ထားဖို့ ပြင်ဆင်ထားပါ။
ရွေးချယ်ထားတဲ့ တက္ကသိုလ်တွေရဲ့ လိုအပ်ချက်တွေ ကို သေချာလေ့လာပါ။Academic Requirements (ဥပမာ - Grade 10/ 12 ရမှတ်များ), English Proficiency Test (IELTS, TOEFL, Duolingo, etc), လိုအပ်တဲ့ စာရွက်စာတမ်းများ (Transcript, Recommendation Letters, SOP etc)
လိုအပ်ချက်တွေကို သိပြီဆိုရင် စတင်ပြင်ဆင်ပါ။
English Test အတွက် လိုအပ်ရင် ကြိုတင်လေ့လာပါ။ သံရုံးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းပါ။Application Form တွေကို သေချာဖြည့်ပြီး လျှောက်ထားပါ။
Study Abroad အကြောင်း ဒီထက်ပိုပြီး
သိချင်ရင်တော့ GuruEd မှာ မကြာခင် ပွဲတစ်ခုလာတော့မှာမို့ စောင့်ကြည့်ပေးပါအုံး
နိုင်ငံရပ်ခြားသွားဖို့ အတွက် 1 on 1 Consulting ယူချင်တယ်ဆိုရင်တော့ GuruEd Platform က န်ုငငံအသီးသီး ရှိ Academic Mentor တွေ ကို ချိတ်ဆက်နိုင်ပါတယ်
မျှဝေ ချိတ်ဆက် guruEd