၂၀၂၅ မှာ အိမ်ကနေပြီး လုပ်လို့ရမယ့် ဝင်ငွေကောင်းတဲ့အလုပ်များ
တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ နေပူ၊မိုးရွာ ရုံးတက်နေရတဲ့အလုပ်တွေထဲကနေ ယနေ့လူငယ်တွေက ရုန်းထွက်ကြပြီး
ဝင်ငွေလဲပိုကောင်းတဲ့အပြင်၊ အိမ်မှာ အေးဆေးလုပ်လို့ရတဲ့
Work From Home အလုပ်တွေကိုပိုပြီး လုပ်ကိုင်လာကြတာ မျက်မြင်ပါပဲခင်ဗျာ..
ဒီနေ့ ဒီ Postကိုတွေ့ရင် သင်လည်း အိမ်မှာနေရင်းငွေရှာလို့ရပြီဆိုတာ ပထမဆုံးကိုယ့်ကိုကိုယ်အသိပေးလိုက်ပါ
ဒီနေ့ 2025 မှာ အိမ်မှာနေပြီး online မှ လုပ်လို့ရမယ့် WFH လုပ်လို့ရနိုင်မယ့်အလုပ်အကိုင်ငါးခုကိုပြောပြပေးသွားပါမယ်
1.Data Scientist
စီးပွားရေးလုပ်ငန်းတွေအားလုံးက ဒေတာစနစ်တွေကို မှီခိုနေရတာကြောင့် Data Scientist များက ၂၀၂၅ မှာ လိုအပ်လာနိုင်ပါတယ် ပရိုဂရမ်ရေးဆွဲခြင်း၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနဲ့ Toolsများကိကိုပိုင်နိုင်ကျွမ်းကျင်မှုများကြောင့် သင်ဟာ နည်းပညာကုမ္ပဏီများ၊ Bankများ စတာတွေအတွက်လိုအပ်တဲ့ Service တွေကိုအိမ်မှာပဲ သက်တောင့်နဲ့ ပေးနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ
2.E-Commerce Manager
E-commerce မန်နေဂျာများကအွန်လိုင်းစတိုးများ၊ စျေးကွက်ချဲ့ထွင်ခြင်း၊ စာရင်းသွင်းခြင်းနှင့် ဖောက်သည်တွေကို ဝန်ဆောင်မှုပေးခြင်းတွေကို ကိုင်တွယ်ခြင်းတို့ကို ကြီးကြပ်ရတဲ့သူတွေကိုပြောတာပါခင်ဗျာ
အနီးစပ်ဆုံးပြောရရင် Shopify၊ WooCommerce နှင့် Amazon လိုမျိုး ပလပ်ဖောင်းများ ဖြစ်ပါတယ်
Asia မှာ ဆို Lazada, Shopee တို့ပေါ့
3.Content Creator
Content Creatorတွေက YouTube၊ TikTok၊ Instagramစတဲ့ ပလပ်ဖောင်းများကို အသုံးချပြီး ဂိမ်းဆော့ခြင်း၊ လူနေမှုပုံစံနဲ့ ပညာရေးကဲ့သို့သော နယ်ပယ်များတွင် ဆွဲဆောင်မှုရှိသော ၊ လူတေဖ်ကိုဖမ်းစားနိုင်စေလောက်မယ့် အကြောင်းအရာများကို ထုတ်လုပ်ရေးသားသူများဖြစ်ပါတယ်
ဝင်ငွေရအနေနဲ့ အလုပ်အပ်သူများ၊ ကြော်ငြာဝင်ငွေနဲ့စျေးကွက်ရှာဖွေခြင်းကနေ အတိုင်းအဆ မဲ့ ဝင်ငွေရှိနေပါတယ်ခင်ဗျာ
ဒါပေမယ့် ကွန်ပျူတာမှာတောက်တောက်တောက်စာရိုက်တက်ရုံနဲ့တော့ Content Creatorဖြစ်မလာနိုင်ပါဘူးခင်ဗျာ
စာပေ ဗဟုသုတ အသိပညာတွေကို အမြဲဖတ်နေမှတ်နေပြီးလိုအပ်သလို ထုတ်သုံးနိုင်မှ အကောင်းဆုံး Content တွေကိုရေးသားနိုင်မှာပါခင်ဗျာ
4.Online Consulting & Mentoring
ဒီအလုပ်လေးက သင်တတ်ထားတဲ့ပညာအပေါ်မှာ အခြေခံပြီး သင့်အကြံဉာဏ်လိုအပ်နေတဲ့ Clientတွေကိုရှာဖွေပြီး Experience တွေနဲ့၊ Advice တွေမျှဝေပေးရတာမျိုးပါ။ ကိုယ်က စကားတစ်အားကြွယ်ပြီး လူဝင်ဆန့်တယ် ၊ အပေါင်းအသင်းတွေကိုလည်းအကြံကောင်းတွေပေးရင်းဖေးမတတ်တဲ့သူမျိုးဆိုရင် မဖြစ်မနေလုပ်ကြည့်သင့်ပါတယ်။ Inter မှာတော့ ဒီအလုပ်က လုံးဝက Popular ဖြစ်နေတဲ့ WFH အလုပ်တွေထဲက တစ်ခုပါ။
ကျွန်တော်တို့ GuruEd Platformမှာလည်း အခုလို Online Consulting & Mentoring Feature လေးရှိတာမို့ Profile ဆောင်ထားပြီး Client ရှာနိုင်ပါတယ်ခင်ဗျာ
5.Freelancing
ကျွန်တော်တို့နိုင်ငံမှာ လူတစ်ချို့ကတော့ ဘာအလုပ်လုပ်လဲ ? မေးလို့ကိုယ်ကFreelancerလို့ပြောလိုက်ရင် မျက်နှာမဲ့သွားတတ်ကြပါတယ်..
Freelancerဆိုတာ ခပ်ရှင်းရှင်းပြောရင် အလွတ်တန်းအလုပ်အကိုင်ပေါ့ဗျာ..
ကိုယ်လုပ်ချင်တဲ့အလုပ်ကို ၊လုပ်ချင်တဲ့အချိန်မှာ ရှာဖွေပြီးလုပ်တဲ့သူတွေပေါ့..ကျွန်တော်အနေနဲ့ လည်း ဒီ Freelancerဆိုတဲ့ခေါင်းစဉ်ကိုဒီ Listထဲမှာဘာလို့ထည့်ထားလဲဆိုရင် Freelancer လက်ရှိလုပ်နေတဲ့သူတွေရဲ့ဝင်ငွေကို သိထားလို့ပဲ ဖြစ်ပါတယ်
Freelancerကောင်းတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုကိုယ် Brandingဖြစ်အောင်လုပ်ပါ။ဒါဆို Freelancerလုပ်ပြီးဝင်ငွေ ဖန်တီးလို့ရပါပြီခင်ဗျ
GuruEd platform မှာ လည်း Freelance Projects တွေ တင်ထားနိုင်ပါတယ်
international payment gateway ပါပါတာမို့ Paypal မရှိတာတွေ Inter Bank တွေ မရှိမှာ စိတ်ပူစရာမလိုပါဘူး ...
ဒီ Postလေးကိုဖတ်ပြီး ၂၀၂၅ မှာ ဘယ်ကနေစပြီး ခြေလှမ်းစ ပြီး ဘာလုပ်ရမလဲဆိုတာ နည်းနည်းလေးဖြစ်ဖြစ်သိသွားစေဖို့ကိုလည်း မျှော်လင့်ပါတယ်ခင်ဗျာ